ပါဝင်ပစ္စည်း

  • ငါး
  • မကျည်းသီး ဗီနီကာ၊ ကြက်သွန်ဖြူ၊ ငါးငံပြာရည်
  • ငရုတ်သီးစိမ်း၊ နံနံပင်၊ အရသာမှုန့်
  • သကြား၊ ဆား
  • ငံပြာရည်၊ သံပုရာရည်

ပြုလုပ်နည်း

အရင်ဆုံး ငါးကို မကျည်းသီး (သို့မဟုတ်) ဗီနီကာနဲ့သေချာဆေးပါ။

ရေစစ်ထား ပီးရင် အရသာနယ်ပြီး ဗိုက်ထဲကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင် ထောင်းထည့် ပြီးရင် ငါးငံပြာရည်လေး နဲနဲဆမ်းပြီး ပန်းကန်ထဲထည့်၊ ပေါင်းအိုးထဲ ထည့်ပေါင်းပါ။

ငါးပေါင်းနေတဲ့အချိန်မှာ ငရုတ်သီးစိမ်း၊ နံနံပင်၊ ကြက်သွန်ဖြူ ရောကြိတ်ပြီး၊ အရသာမှုန့်၊ သကြား၊ ဆား၊ ငံပြာရည်၊ သံပုရာရည် ရောဖျော်ထားပြီး ငါးပေါင်းထားတာ ကျက်ပြီဆိုလျင် ခုနဖျော်ထားတဲ့ ဆော့စ်အရည်ကို ငါးပေါင်းပေါ် ဆမ်းလိုက်ရင်ရပါပြီ။

Credit: Victoria Mie