ကင်နေကျ အပေါ်ယံ မတူးစေပဲ ပေါင်းသလို ကင်ကြည့်တယ်။ စားလို့ တကယ်ကောင်းလို့ နည်းလေး မျှလိုက်မယ်နော်။
ပါဝင်ပစ္စည်းများ
- နှစ်သက်ရာ ငါး
- ဆား
- သကြား
- ငြုပ်ကောင်းမှုန့်
- ကြာညို့ – အနည်းငယ်
- ဂျင်းအနည်းငယ် – ထောင်းပြီး အရည်ညှစ်ထားပါ
- ဖက်ဖယ်ရွက်
- ပင်စိမ်း
- ရှမ်းနံနံ
- ငြုပ်စိမ်းတောင့်
- ကြက်သွန်ဖြူ
- အသားမှုန့်
- ဆီ အနည်းငယ်
- Aluminum Foil
ပြုလုပ်နည်း
- နှစ်သက်ရာ ငါးကို သန့်ပြီး ရေခြောက်အောင် သုတ်ကာ ငါးတကိုယ်လုံးကို ခက်ရင်းနဲ့ ထိုးထားပါ ။
- ဆား ၊ သကြား ၊ ငြုပ်ကောင်းမှုန့် ၊ ကြာညို့ အနည်းငယ် တို့နှင့် ဂျင်အနည်းငယ် ထောင်းပြီး အရည်ညှစ်ထားတာကို ထည့်နယ်ကာ အနည်းဆုံး ၃ နာရီလောက် နှပ်ထားပါ။
- ငါးဗိုက်ထဲ ထည့်ဖိုရန် ဖက်ဖယ်ရွက် ၊ ပင်စိမ်း ၊ ရှမ်းနံနံ ကြိုက်ရာ တစ်မျိုး (သို့) နှစ်မျိုး နှင့် ငြုပ်စိမ်းတောင့် ၊ ကြက်သွန်ဖြူ ၊ အစောနက ထောင်းထားတဲ့ ဂျင်း ၊ ဆား ၊ အသားမှုန့် ၊ ဆီလေးနဲနဲထည့်ကာ ငါးဗိုက်ထဲ သွပ်ပါ ။
- Aluminum Foil နှင့် ပတ်ပြီး အကင် အိုးထဲမှာ အပူချိန် ၂၂၀ နဲ့ ၁၅ မိနစ် ၂ ကျော့ ကင်လိုက်တာ ပျော့ပျော့လေးနဲ့ အတော် စားကောင်းပါတယ်။
Credit: Mi Shwe Kwett