ငါးအသားလွှာပေါင်းက ရိုးရှင်းတဲ့ပုံစံပါ။ ငှက်ပျောဖက်နဲ့ အထုပ်လေးတွေထုပ်ပြီး ပေါင်းတာကို ငါးပေါင်းထုပ်လို့ ခေါ်နိုင်ပေမယ့် ပုံစံလေးတွေ အနည်းငယ်ကွာခြားသွားတာနဲ့ အမည်လည်း ပြောင်းလဲသွားပါတယ်။ ငါးတန်ငါးလို အသားမျိုးကို သုံးမယ်ဆိုရင်တော့ အရေခွံဖယ်ထုတ်ဖို့လိုပေမယ့် ကကတစ်၊ ငါးပါးနီတို့လို အသားလွှာတွေကိုတော့ အရေခွံဖယ်ထုတ်စရာ မလိုပါဘူး။

ပါဝင်ပစ္စည်းများ

ငါးအသားလွှာ (၅၀) သား

ကြက်သွန်ဖြူ ၁၅ တက်

ငရုတ်သီးစိမ်း ၁၀ တောင့်

ရှမ်းနံနံ ၂ စည်း

နံနံပင် ၁ စည်း

မြန်မာပင်စိမ်း ၁စည်း

ငရုတ်ကောင်းမှုန် အနည်းငယ်

ဆီ ၃ ဇွန်း ( ထမင်းစားဇွန်း)

သံပုရာသီး ၂ လုံး

ပြင်ဆင်ပြုလုပ်နည်း

ငါးအသားလွှာတွေကို ရေဆေး၊ စစ်ပြီးရင် ဆား၊ ငရုတ်ကောင်းမှုန့်၊ သံပုရာသီး (၁) လုံးကို အရည်ညှစ်ပြီး (၁၀) မိနစ်ခန့် နှပ်ထားပါ။ ထိုစဉ်အတွင်း ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း တို့ကို ခပ်နုပ်နုပ်စင်းပါ။

နံနံပင်၊ ရှမ်းနံနံ၊ ပင်စိမ်းတို့ကိုလည်း ပါးပါးလှီးပါ။ ဇလုံတစ်ခုအတွင်းမှာ ငါး၊ နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပါးပါးလှီးထားသော ပာင်းခတ်အမွှေးအကြိုင်တို့ကို ဆီ၊ လက်ကျန် သံပုရာသီးတို့ဖြင့် သမသွားအောင် ခပ်ဖွဖွနယ်ပါ။

ငှက်ပျောဖက် ခင်းထားသော အိုးတစ်လုံးမှာ ထည့်ပြီး အပေါ်ယံကနေ ငှက်ပျောဖက် လုံအောင်ထပ်ပြီး အုပ်ထားပါ။ အဖုံးကို လုံခြုံစွာပိတ်ပြီး အလေးချိန်ရှိသော အရာတစ်ခု တင်ထားပါ။

အနည်းဆုံး မီးအပူချိန်မှာ မိနစ် (၃၀) ခန့် ပေါင်းပေးရပါမယ်။ မွှေပေးစရာ မလိုအောင် မီးအပူချိန်နည်းဖို့ပဲ လိုအပ်ပါတယ်။ မိနစ်(၃၀) လောက် ထိုနည်းအတိုင်း ပေါင်းပြီးရင် ငှက်ပျောဖက်နံ့၊ ပာင်းခတ်အမွှေးအကြိုင် ရနံ့သင်းနေသော ရိုးရှင်းတဲ့ ငါးအသားလွှာပေါင်း စားသုံးလို့ ရပါပြီ။

Credit: ဟင်းချက်နည်းများ