ဆိတ်သားခြောက်ကို ဖုတ်မယ်၊ ချက်မယ် ဒီလိုမျိုးပဲစားဖူးလောက်မှာပါနော်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ အထောင်းလေးပြောင်းစားကြည့်ကြမယ်။
ပါဝင်ပစ္စည်းများ
- ဆိတ်သားခြောက်
 - ကြက်သွန်ဖြူ
 - ဂျင်း
 - ငရုတ်သီးစိမ်း
 - ဆား
 - ရှမ်းနံနံ
 - ပင်စိမ်း
 - သံပုရာသီး
 - ပဲဆီတဇွန်း
 
ပြုလုပ်နည်း
- ဆိတ်သားခြောက် ရေမြုပ်ယုံထည့်၍ ခန်းအောင်ပြုတ်ပြီး ထုမွထားပါ။
 - ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်း၊ ဆားနည်းနည်းထည့်ထောင်းပါ။ ညှက်ပြီဆို ရှမ်းနံနံ၊ ပင်စိမ်း တောက်တောက်စင်းပြီး ရောထောင်းပါ။
 - မွထားတဲ့ ဆိတ်သားလေးထည့် သမအောင်ထောင်းပြီး သံပုရာသီးလေးညစ်ထည့်ပြီး စားနိုင်ပါသည်။ ရွှဲရွှဲလေးစားချင်တယ်ဆိုရင် ပဲဆီတဇွန်း လောင်းထည့်ပြီးလည်း စားနိုင်ပါသည်။ ဇလပ်ရွက်၊ နံနံပင်လေးနဲ့ အလှဆင်ပြီး ရေနွေးကြမ်း ထမင်းပူပူလေးနဲ့ စားလျှင် စားလို့အလွန်ကောင်းပါသည် ။
 
Credit: Nang Thanda Oo