အားလုံးပဲမင်္ဂလာပါ။ဝက်နံရိုးပေါင်းလုပ်စားကြတဲ့အခါ များသောအားဖြင့် ဝက်နံရိုးကိုအချိုအရသာဖြင့်သာ စားကြတာများပါတယ်။ဒီတစ်ခေါက်မှာတော့ စားနေကြပုံစံနဲ့မတူပဲ ချဉ်ငံစပ်အရသာဖြင့် လျှာလည်သွားစေမယ့် ဝက်နံရိုးပေါင်းချဉ်စပ်ဟင်းလျာချက်နည်းလေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၆၀၀ ဂရမ်
  • သကြားစားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် ၁ ဇွန်း
  • ဟင်းချက်ဝိုင် ၁ ဇွန်း
  • နှမ်းဆီ ၁ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင်
  • ငရုပ်ကောင်းမှုန့် ဇွန်းတစ်ဝက်ခန့်
  • ပြောင်းဖူးကော်မှုန့် ၁ ဇွန်း
  • ကြက်သွန်ဖြူ ၃မွှာ
  • ငရုပ်သီးအမှည့် ၂ တောင့်
  • အချဉ်ဖောက်ထားတဲ့အမဲရောင်ပဲ ၁ ဇွန်း
  • ဆားအနည်းငယ်
  • ပဲအနှစ် ၁ ဇွန်း
  • ရေ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံးဝက်နံရိုးကိုရေဆေးသန့်စင်ပြီး အနေတော်အတုံး လေးတွေတုံးပေးပါ။ထို့နောက်ဝက်ရုံရိုးပြုတ်ရန် ဒယ်အိုးအတွင်းရေသုံးခွက်ခန့်ထည့်ပြီး တည်ထားပါ။ရေနွေးဆူလာပြီဆိုရင် ဝက်နံရိုးတွေထည့်ပြီး ၁၅ မိနစ်ခန့်ပြုတ်ထားပေးရပါမယ်။အဖြူရောက်အမြုပ်တွေတက်လာရင် ဇွန်းနဲ့ခပ်ထုတ်ပြီး ဆက်ပြုတ်ပေးပါ။အချိန်စေ့ပြီဆိုရင်တော့ ဝက်နံရိုးတွေကို ဇကာတစ်ခုထဲထည့်ပြီးရေစစ်ထားပေးပါ။

(၂) ထို့နောက်ရေစစ်ထားတဲ့ ဝက်နံရိုးလေးတွေကို ပန်းကန်လုံးခပ်မောက်မောက်တစ်ခုအတွင်းပြောင်းထည့်ပေးပါ။ပြီးရင်တော့ ဝက်နံရိုးနဲ့အတူ ပဲငံပြာရည်တစ်ဇွန်း ဟင်းချက်ဝိုင်တစ်ဇွန်း နှမ်းဆီတစ်ဇွန်း ငရုပ်ကောင်းမှုန့်ဇွန်းတစ်ဝက် သကြားတစ်ဇွန်း ဆား ပြောင်းဖူးကော်မှုန့်တစ်ဇွန်း ရေအနည်းငယ်တို့ ကိုရောထည့်ပြီး အရသာဝင်အောင်နယ်ပေးရပါမယ်။

(၃) ဆက်လက်ပြီး နုပ်နုပ်စင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ငရုပ်သီးတို့ိကိုရောထည့်ပါ။ထို့နောက်ပဲအနှစ်တစ်ဇွန်းရောထည့်ပြီး ထပ်မံနယ်ပေးရပါတယ်။အသားထဲကိုအရသာစိမ့်ဝင်သွားစေဖို့ နယ်ထားတဲ့ ဝက်နံရိုးလေးတွေကို မိနစ်၃၀ခန့် နှပ်ထားပေးပါ။ ဝက်နံရိုးနပ်ထားစဉ် ရေနွေးငွေဖြင့် ပေါင်းခံရန်ဒယ်အိုးတစ်ခုအတွင်းရေ ၃ ခွက်ခန့်ထည့်ကာတည်ပေးရပါမယ်။

(၄) ရေနွေးဆူလာပြီဆိုရင်တော့ နှပ်ထားတဲ့ဝက်နံရိုးလေးတွေကို အပူခံပန်းကန်လုံးထဲသို့ပြောင်းထဲကာ ဆူပွက်နေတဲ့ရေနွေး အိုးအတွင်းထည့်ပြီး ၂၅ မိနစ်ခန့်ပေါင်းခံပေးရပါမယ်။အချိန်စေ့ပြီး ဝက်နံရိုးလေးတွေလည်းနူးလောက်ပြီဆိုရင်တော့ ပေါင်းခံအိုးထဲမှထုတ်ပြီး အပေါ်ကနေ နှမ်းဆီအနည်းငယ် ခပ်ပါးပါးလှီးထားတဲ့ငရုပ်သီး ကြက်သွန်မြိတ်တို့အုပ်ကာ ချဉ်ငံစပ်ဝက်နံရိုးပေါင်းလေးကို အရန်သင့်သုံးဆောင်လို့ရပြီပဲဖြစ်ပါတယ်။

Source : Asianfoodnetwork