ပါဝင်ပစ္စည်းများ
- ကောက်ညှင်းဆန် – ၂ လုံး
- အုန်းနို့ – 250ml
- ဒူးရင်းသီးအမွှာကြီးကြီး – ၃ မွှာ
- ကျောက်ကျောမှုန့် – 10 g
- သကြား – ၁၅ ကျပ်သား
ပြင်ဆင်ပြုလုပ်နည်း
- ကောက်ညှင်းဆန် ၂ လုံးကို ရေစင်အောင်ဆေးပြီး ၆ နာရီကြာရေစိမ်ထားပေးပါ။ ကောက်ညှင်းဆန်မျက်နှာပြင်နှင့်အညီ ရေထည့်ပြီး ကောက်ညှင်းချက်ထားပါ ။ အအေးခံထားပါ ။
- သကြား ၁၅ ကျပ်သားနဲ့ အုန်းနို့ 250 ml ကို ရောကျိုပြီး ကောက်ညှင်းထည့်ပါ ။ အုန်းနို့ရည်ခန်းပြီး ကောက်ညှင်းလုံးသွာရင် ဗန်းထဲထည့်ပြီး မျက်နှာပြင်ညီအောင် ဖိသိပ်ပေးပါ ။
- အုန်းနို့ရည် 250 ml အပါအဝင် ရေ တစ်လီတာ ၊ ကျောက်ကျောမှုန့် 10 g ၊ သကြား ၁၅ ကျပ်သား အားလုံးရောကျိုပါ။
- ဒူးရင်းသီးအမွှာကြီးကြီး ၃ မွှာကို ကြိတ်ချေထားပါ ။ ကျောက်ကျောရည် ဆူပြီးရင် မီးဖိုပေါ်မှချပြီး ဒူးရင်းသီးထည့်မွှေပါ ။ ဒူးရင်းသီးထည့်ပြီး ကျောက်ကျောရည်ကို ကောက်ညှင်းပေါ်လောင်းထည့် အအေးခံပြီး နှစ်သက်သလို လှီးဖြတ်စားသုံးနိုင်ပါပြီ။
Credit: Lann Lann