ပါဝင်ပစ္စည်း
- ကောက်ညှင်းဆန် – ၅ ဘူး (နို့ဆီဘူး)
- ကြက်သွန်နီဥသေး – ၁၀ လုံး (တဝက်လှီးထားပါ ။)
- ဆနွင်းမှုန့် – ၁ ဖွန်း (ဇွန်းသေး)
- ဂျင်း – အနည်းငယ်
- ဆား – အနည်းငယ်
- ဆီ – ၅ ကျပ်သားခန့်
ပြုလုပ်နည်း
ကောက်ညှင်းဆန်ကို ရေဆေးပြီး ၊ မချက်ခင် မိနစ် ၂၀ ခန့် ရေစိမ်ထားပါ ။ ပြီးလျင် ရေစစ် ထားပါ။ ဒယ်အိုးပြားတွင် ဆီထည့်ရျ် ပူလာလျင် ကြက်သွန်နီ နှင့် ဂျင်းကို ဆီသပ်ပါ။
အနံ့မွှေးလာလျင် ဆနွင်းမှုန့် ထည့်ပြီး ကောက်ညှင်းဆန်ကို ထည့်ပါ။ ပြီးလျင် သမအောင်နယ်ပါ ။
ထို့နောက် ရေ ၅ခွက်ကို ထည့်ပြီး ဆား အနည်းငယ် ထည့်ရျ် နှံ့အောင် မွှေပြီး မီးကို လျော့၍ မီးအေးအေးနှင့် ကျက်သည် အထိ အဖုံးအုပ်ရျ် တည်ထားပါ။ အပေါ်ရေကုန်လျင် ကောက်ညှင်းကို အထက်-အောက် လှန်ပေးပါ။
ကောက်ညှင်းဂျိုး ကြွပ်ကြွပ်ရွရွလေး စားခြင်သူများအဖို့ အိုးပြားထဲတွင် မီးအေးအေးနှင့် ကြွပ်သည်အထိ ထားပါ။
ဆီထမင်းကို နှမ်းထောင်း ၊ ပဲပြုပ်၊ အုန်းသီးခြစ်၊ ကြက်သွန်ကြော် ၊ ငါးခြေက်ဖုတ် ၊ အသားခြောက်ဖုတ် ၊ ငါးကြော်၊ အသားကြော် အမျိုးမျိုး၊ မိမိတ့ိုှ နှစ်သက်ရာနှင့် တွဲဖက်စားသုံး နိုင်ပါတယ်။
Credit: My Food Myanmar