ဒီကိတ်လေးက တစ်ကယ်ကို လွယ်ကူကာ အာဗင်သုံးပြီး ဖုတ်စရာမလိုသော ကိတ်လေးဖြစ်ပါတယ်။ စည် ရဲ့ မွေးစားအဖိုး ဂရိနိုင်ငံသားကနေ လက်ဆင့်ကမ်းသင်ပေးခဲ့သော ကိတ်လဲဖြစ်ပါတယ်။ အဖိုးက ဒီကိတ်ကို သူ့ရဲ့ အမေဆီကနေ သင်ယူခဲ့ပြီး မြေးဖြစ်သူ စည့်ကို ပြန်လည် လက်ဆင့်ကမ်းပေးခဲ့သော မိသားစု မုန့်လုပ်နည်းလေးဖြစ်ပါတယ်။  အချိန်တိုင်း ဘယ်လိုစားစား မငြင်းသော ချိစ်ကိတ်လေး ဖြစ်တာကြောင့် အားလုံးလုပ်စားလို့ရအောင် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ (အောက်ခံမုန့်သား လုပ်ရန်)

  • ဘီစကစ်မုန့် (သို့) Cracker ၁ ခွက်
  • သကြားညို – ၃ ဇွန်း (စားပွဲတင်ဇွန်း)
  • ထောပတ် – ၅ ဇွန်း (စားပွဲတင်ဇွန်း) (အခန်းအပူချိန်ဖြင့် အရည်ပျော်အောင်ထားပါ)
  • တစ်ခါသုံး မုန့်လုပ်ဗန်း – ၂ ဗန်း (Foil Baking Cups / ငွေရောင်ခွက်လေးများ)

အောက်ခံမုန့်သား ပြုလုပ်နည်း

  1. ကြိတ်စက်ထဲ ဘီစကစ်မုန့်၊ သကြား ၊ ထောပတ် ထည့်ပြီး အားလုံးကြေပြီး ရောတဲ့အထိမွှေပါ။
  2. ပြီးလျှင် မုန့်ဗန်းလေးများထဲ ညီတူညီမျှ ပစ္စည်းအားလုံး ရောထားသော မုန့်မှုန့်များကို ထည့်ပါ။ ပြီးလျှင် လက်ဖြင့်ဖွဖွလေး ဖိပေးပါ။

ချိစ်အနှစ်လုပ်ရန် ပါဝင်ပစ္စည်းများ

  • Cream Cheese – ၁ ထုပ် (အပျော့)
  • Gelatin – ၁ ဇွန်းခွဲ (စားပွဲတင်ဇွန်း)
  • Gelatin – ၁ ဇွန်းခွဲ (လက်ဖက်ရည်ဇွန်း) (စတော်ဘယ်ရီပေါ်သုတ်ရန် အရည်ဖျော်ထားခြင်းဖြစ်သည်)
  • ရေအေး – ၁/၄ ခွက် (မုန့်လုပ်ရန်တိုင်းသော ခွက်)
  • သကြား – ၁ ခွက် (မုန့်လုပ်ရန်တိုင်းသော ခွက်)
  • နွားနို့် – ၃/၄ ခွက် (မုန့်လုပ်ရန်တိုင်းသော ခွက်)
  • ဆား – ၁/၄ ပုံ (လက်ဖက်ရည်ဇွန်း)
  • သံပုရာရည် – ၁ /၈ ခွက် (မုန့်လုပ်ရန်တိုင်းသော ခွက်) (လတ်ဆတ်သော အလုံးကိုညစ်ယူပါ)
  • Whipping Cream – ၁ ခွက် (မုန့်လုပ်ရန်တိုင်းသော ခွက်)
  • စတော်ဘယ်ရီ – ၁၀ လုံး (ကြိုက်နှစ်သက်ရာ အသီး ကိုသုံးနိုင်ပါတယ်)

စတော်ဘယ်ရီ – ၁၅ လုံး (ကြိုက်နှစ်သက်ရာအသီး ကိုသုံးနိုင်ပါတယ်၊ ကိတ်မုန့်ပေါ်တင်ရန် ပါးပါးလှီးထားပါ)

ပြုလုပ်နည်း

1. ဆောစ်လုပ်သော အိုးအသေးလေးဖြင့် ရေအေး နှင့် Gelatin ကို မီးမှင်မှင်လေးဖြင့် အရည်ပျော်တဲ့ အထိတည်ပါ။ မုန့်လုပ်သော ကြိတ်စက်ထဲ Cream Cheese ၊ သကြား၊ ဆားကို မွှေပါ။ အားလုံးရောသမကာ နူးညံ့ပြီး မွမွလေး ဖြစ်လာလျှင်ရပါပြီ။

2. ဖြည်းဖြည်းချင်း Gelatin အရည် ၊ နွားနို့ နှင့် သံပုရာရည်များ လောင်းထည့်ပါ။ စက်အချိန် အနေတော်ဖြင့်မွှေပါ။ ချိစ်အနှစ်ကို ရေခဲသေတ္တာထဲ အနည်းငယ် ပြစ်သွားတဲ့အထိ အအေးခံထားပါ။

3. အအေးခံထားသော ချိစ်အနှစ်ထဲ Whipped Cream ထည့်ပြီး ခတ်ဖွဖွလေး အားလုံးရောအောင်မွှေပါ။ ပြီးလျှင် ချီစ်ခရင်အနှစ်များကို မုန့်ဗန်းခွက်များထဲ မပြည့်တစ်ပြည့် လောင်းထည့်ပါ။ ပြီးလျှင် ရေခဲသေတ္တာထဲ အနည်းငယ် တင်းမာသည်အထိ ထားပေးပါ။

4. အနည်းငယ် အေးသွားမှ လှီးထားသော စတော်ဘယ်သီးများကို ချီစ်ကိတ်ပေါ် စီတင်ပါ။ အပေါ်ကနေ Gelatin ဖျော်ထားသော အရည်ကို စုတ်တံလေးဖြင့် အနည်းငယ် လိုက်သုတ်ပြီး ရေခဲသေတ္တာထဲ ၁၅ -၂၀ မိနစ် လောက် ထပ်အအေးခံထားပါ။ စားခါနီး လတ်ဆတ်တဲ့ စတော်ဘယ်ရီသီးဖြင့် တွဲဖက် စားလျှင် သိပ်လိုက်ဖက်ပါတယ်။

Credit: Syi Foodsgarden