ဒီလိုသာကူလုံးတွေကို ဒီလိုအရောင်လေးလုပ် ပြီး လုပ်စားကြည့်နော်။ အုန်းနို့ရည် မွှေးမွှေးလေးနဲ့အတူ အုန်းသီးနုအဖတ် နုနုလေး ထည့်ပြီးလုပ်စားကြနော်။
ပါဝင်ပစ္စည်းများ
- သာကူလုံး
- သကြားညို
- အုန်းနို့ရည်
- အုန်းသီးနု အဖတ်
- ဆား
- နွားနို့
- အမွှေးရည်
ပြုလုပ်နည်း
- ရှေးဦးစွာ သာကူလုံး များကို ရေစွတ်၍ မိမိ ကြိုက်နှစ်သက်သော အရောင်များကို ခွဲ၍ နှယ်ပြီး အလုံး သေးသေး လေးများ လုံးထားပါ။ အိုးထဲတွင် နွားနို့ လိုသလောက်ကို မီးအေးအေး ဖြင့်ကြိုပါ။
- ပြီးလျှင် အုန်းနို့ရည် နှင့် ရေ အနည်းငယ် ထည့်ကာ မီးအေးအေး ဖြင့် တည်ပါ။ ထိုနောက် သကြား ၊ ဆား၊ အမွှေးရည် တို့ကို ထည့်ပါ။
- နောက်ဆုံးမှ အုန်း သီးဖတ် ထည့်ပြီးလျှင် လုံးထားသော သာကူလုံး များ ကို ထည့်ပါ။
- သာကူ အစေ့ ပျောက်လျှင် မီးဖိုမှ ချပြီး အအေးခံကာ ရေခဲတုံးများ ထည့်ပြီး သုံးဆောင် နိုင်သလို ၊ ရေခဲ သေတ္တာမှာ အအေးခံ ပြီးလည်း သုံးဆောင် နိုင်ပါတယ် ။
- ပိန္နဲသီး ရှိပါက ပါးပါးလေး လှီးပြီး အပေါ်မှာ တင်ကာ အတူ သုံးဆောင်ပါ။ မိမိ ကြိုက်နှစ်သက်သော အရသာကို အတိုး အလျှော့ ပြုလုပ်ပါ။
Credit: N&S Food House