ပါဝင်ပစ္စည်းများ
- ကောက်ညှင်းမှုန့် ၄ ခွက် (ထမင်းပေါင်းအိုးမှာပါတဲ့ဲခွက်)
- ဆန်မှုန့် ၁ ခွက်
- ရေ ၂ ၁/၂ခွက် ( လိုတိုးပိုလျော့လုပ်ပေးပါ)
- ဆား ၁ လက်ဖက်ရည်ဇွန်း
ပြုလုပ်နည်း
ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ဆား၊ အားလုံး သမအောင် မွှေပြီး ရေကို နည်းနည်းချင်းစီ ထည့်ပြီး မုန့်သားများ မပျော့မမာ လုံးလို့ ရအောင် နယ်ပေးပါ။
အစာသွပ်ရန် အတွက် နှမ်းလှော် နှင့် ထန်းလျက် (အချိုစိတ်ကြိုက်) ရောပြီး နှမ်းလေးများေ ကြလာသည်ထိ ထောင်းပေးပါ။ ရေအနည်းငယ် ကိုင်ပြီး အနေတော် အလုံးလေးများ လုံးထားပါ။
ရေနွေးဆူဆူမှာ မုန့်သားများကို နှမ်းထောင်း အစာသွပ် လုံအောင် ပိတ်လုံးပြီး ထည့်ပြုတ် ပေးပါ။
မုန့်လုံးလေးများ ပေါ်လာလျှင် ရေအေးဇလုံမှာ စိမ်ပေးပါ။ ပြီးလျှင် ဆီသုပ်ထားသော ဖက်ရွက် သို့ ပန်းကန်မှာ ထည့် ၊အုန်းသီးဖြူးကာ စားလို့ ရပါပြီ။ နှမ်းအရသာ မွှေးမွှေးလေးနှင့် စားလို့ အလွန်ကောင်းတဲ့ မုန့်လုံး ရေပေါ်လေးရပါပြီ။
Credit: Soe Cooking Collection