မင်္ဂလာပါ။ တခါတလေ အဆာပြေလေးစားချင်တဲ့အခါ အချိန်မရွေးလုပ်စားနိုင်ဖို့အတွက် ကုလားပဲကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • ဗမာကုလားပဲ – ၁ နို့ဆီဘူး
  • ပျဉ်တော်သိမ်ရွက် – လက်တစ်ဆုပ် (ပါးပါးလှီး)
  • ကြက်သွန်နီ – ၅ လုံး (အရွယ်တော်)
  • ငြုပ်သီးစိမ်း – ၁၀ တောင့် (ပါးပါးလှီး)
  • ဆား – ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ဂျင်း – ၇လွှာ(ထောင်းထားပါ)
  • ဆီ (ကြော်ရန်)
  • ဖီးကြမ်း ငှက်ပျောသီး မှည့်မှည့် အနည်းငယ်

ပြုလုပ်နည်း (ကုလားပဲကြော် )

၁။ ကုလားပဲလေးများကို ရေစင်အောင် ဆေးကာ ရေမြုပ်ရုံဖြင့် ၂ နာရီခန့် နူးလာအောင် စိမ်ထားပေးပါ ။

၂။ ရေစစ်ပြီး ငရုပ်ဆုံသို ကြိတ်စက်ဖြင့် ညက်အောင်ထောင်း ၊ ကြိတ်ထားပြီး ဆား ၁ ၁/၂ ဇွန်းဖြင့် နယ်ပေးပြီး ၁နာရီ ခန့် ထားပေးပါ ။

၃။ ပျဉ်တော်သိမ် ၊ ကြက်သွန်နီ ၊ ဂျင်း ၊ ငြုပ်သီး ၊ ငှက်ပျောသီး ၊ ဆား ၁/၂ ဇွန်း ဖြင့် သေချာ နယ်ပေးပြီး ၊ဆီများများမှာ မီးအသင့်တင့်ဖြင့် တူူးမသွားစေရန် သေချာကြော်ပေးပြီး ပဲအရသာ စစ်စစ် ၊ ဆော်ဒါမှုန့် ၊အရသာမှုန့်များ သုံးရန် မလိုပဲ အရသာ ရှိလှတဲ့ ကုလားပဲကြော် ပူပူလေး စားလို့ရပါပြီ ။

ပါဝင်ပစ္စည်းများ (မန်ကျည်းမှည့်ချဉ် ပြုလုပ်ရန်)

  • မန်ကျည်းမှည့်နှစ် ၃ ဇွန်း ( ဟင်းစားဇွန်း)
  • ထန်းလျက် ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ဆား သင့်ရုံ
  • ငြုပ်သီးစိမ်း
  • နံနံပင်

ပြုလုပ်နည်း (မန်ကျည်းမှည့်ချဉ် ပြုလုပ်ရန်)

1. မန်ကျည်းမှည့်နှစ် ၃ဇွန်း ဟင်းစားဇွန်း ကို ထန်းလျက် ၁ လက်ဖက်ရည်ဇွန်း ၊ ဆား သင့်ရုံ ၊ ငြုပ်သီးစိမ်း နံနံပင် သင့်ရုံ ဖြင့် မွှေပေးပြီး အပေါ့ငံ စိတ်ကြိုက် ပြင်ပေးပါ ။

Credit: Soe Cooking Collection