ကျန်းမာရေးအတွက် သင့်တော်သလို အရသာလည်း အလွန်ကောင်းတဲ့ ငါးသလဲထိုးအိုးကပ်
ပါဝင်ပစ္စည်းများ
ငါးသလဲထိုး
မကျည်းသီးနှစ်
အရသာမှုန့်
ငံပြာရည်
ဆားအနည်းငယ်
ငရုတ်ကောင်းမှုန့်အနည်းငယ်
ဆီ
ကြက်သွန်ဖြူ /နီ
ဂျင်း
ရှမ်းနံနံ (သို့) မြန်မာနံနံပင်
ပြင်ဆင်ပြုလုပ်နည်း
ငါးလေးတွေကို မကျီးနှစ်နဲ့ ကြမ်းသွားအောင် ဆေးကြောပါ။ တချို့ကတော့ ခေါင်းလေးတွေကို ဖြတ်ထုတ်ပါတယ်။ အခုတော့ မလုပ်ပါဘူး။ နုညံ့လို့ အားလုံးဝါးစားလို့ရပါတယ်။
သန့်စင်ပြီးရင်တော့ အရသာမှုန့်၊ ငံပြာရည်၊ ဆားအနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်ဖြင့် အရသာသွင်းထားပေးပါ။
ချက်မယ်ဆိုရင်တော့ Non-Stick အိုး (ဒါမှမဟုတ်) ရိုးရိုးဒယ်အိုးနဲ့ဆို အိုးပူမှ ဆီထည့်ပေးပါ။ ဒါမှ အိုးမကပ်မှာပါ။
ဆီပြန်ဟင်းမဟုတ်လို့ ဆီအနည်းငယ်မှာပဲ ကြက်သွန်ဖြူ /နီ၊ ဂျင်းများများလေး ဆီသတ်ပေးပါ။ ခြောက်ပြီးမွှေးလာရင် ငါးထည့်လုံးပေးပြီး ငါးများကို အိုးထဲဖြန့်ထားပြီး မီးအေးအေးဖြင့် ခြောက်နေအောင် ချက်ပေးရပါမယ်။
တဖက်ပြီး နောက်တစ်ဖက်ကို ဖြည်းဖြည်းလှန်ပေးရင်း မွှေးကြိုင်ပြီး ဆီပြန်ရင် ရပါပြီ။ ကြိုက်တတ်ရင် တချို့က ရှမ်းနံနံ (သို့) မြန်မာနံနံပင် ထည့်ပါတယ်။ စားချင်စဖွယ် ဟင်းကောင်းတစ်ခွက် ရပါပြီ။
Credit: ဝါသနာအိုး