မီးဖိုချောင်ဟာ မိသားစုတစ်ခုလုံးရဲ့ ကျန်းမာရေး အချက်အချာကျတဲ့ နေရာလို့ ပြောရင် မမှားပါဘူး။ အစားအစာတွေကနေတဆင့် ရောဂါပိုးမွှားတွေ မဝင်စေဖို့ ချက်ပြုတ်နေတဲ့ မီးဖိုချောင်ဟာလည်း သန့်ရှင်းပြီး သပ်ရပ်နေဖို့ လိုပါတယ်။ မီးဖိုချောင် မသန့်ရှင်းတဲ့အခါ အစာအဆိပ်သင့်တာလိုမျိုးကနေ စပြီး ဗိုက်နာ ဗိုက်အောင့် ဖျားနာတာတွေ ဖြစ်တတ်ပါတယ်။

ကဲ အခု ပြောမယ့် အချက်လေးတွေက နေ့တိုင်း အားလုံး မလုပ်ဖြစ်သေးရင် ဒီနေ့ကနေစပြီး ကြိုးစားလုပ်ကြရအောင်နော်။

၁။ ရေခဲသေတ္တာကို သန့်ရှင်းပါစေ

Source: simplyss.com

ရေခဲသေတ္တာကို 40° F (4° C) အနည်းဆုံးထားပါ။ ဒီအပူချိန်ဟာ ပိုးမွှားတွေ ကြီးထွားဖို့ နှေးစေတဲ့ အတွက် ဖြစ်ပါတယ်။ မစားတော့တဲ့ အသီးအနှံတွေနဲ့ ဒိတ်လွန် အစားအသောက်တွေကို ဖယ်လိုက်ပါ။ လတ်ဆတ်နေတဲ့ အစားအစာတွေ ဖြစ်နေစေဖို့ အမြဲ သတိထား ကြည့်ပါ။ ချက်ပြုတ်ပြီး အစားအသောက်တွေကို ထည့်မယ်ဆိုရင်တော့ ၂နာရီလောက် အပြင်မှာ အအေးခံပြီးမှ ထည့်ပါ။

၂။ မီးဖိုချောင်သုံး အဝတ်တွေကို သန့်ရှင်းပါ

Source: wikihow.com

မီးဖိုချောင်ထဲမှာ ရှိတဲ့ လက်သုတ်ပုဝါနဲ့ အပူခံ အဝတ်တွေကို အမြဲ သန့်ရှင်းအောင် ထားပါ။ အစားအသောက်တွေ ကိုင်ရမှာ အနီးစပ်ဆုံး အဝတ်တွေ ဖြစ်နေလို့ပါ။ ခုံသုတ်ဝတ်တွေ လက်သုတ်ဝတ်တွေကို ဟင်းချက်ရာမှာ မသံးုပါနဲ့။ အဝတ်တွေကို ချက်ပြုတ်ပြီးတိုင်း ရေနွေးနဲ့ ပြုတ်လျှော်ပေးရင် ပိုကောင်းပါတယ်။ ရေနွေးနဲ့ မပြုတ်အားတောင် သန့်စင်အောင် ဆပ်ပြာနဲ့ လျှော်ပေးပါ။

၃။ စဉ်နှီးတုံးကို သန့်ရှင်းပါ

Source: Baconcountyhigh

ပြီးခဲ့တဲ့ အပတ်က စဉ်နှီးတုံးတွေကို အရောင်ခွဲသုံးဖို့ ပြောထားပါသေးတယ်။ အများကြီး မခွဲနိုင်အောင် အသားလှီးတဲ့ စဉ်နှီးတုံးနဲ့ အရွက်လှီးတဲ့ စဉ်နှီးတုံးတော့ ခွဲထားသင့်ပါတယ်။ တစ်ခုခု လှီးပြီးတိုင်း စဉ်နှီးတုံးကို ဆေးကြောပါ။ သားစိမ်း ငါးစိမ်းတွေ တင်ထားရင်တော့ ရှာလကာရည်နဲ့ ဆေးပေးတာ ပိုသန့်စင်စေပါတယ်။

၄။ ဟင်းချက်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို သန့်ရှင်းပါ။

Source: Dwellideas

ဟင်းမွှေတဲ့ ဇွန်းက အစ အိုးခွက် ပန်းကန် ဓါးတွေ အထိ သန့်ရှင်းနေဖို့ လိုပါတယ်။ ဥပမာ ကြက်ဥ ခေါက်တံ၊ အသားလှီးတဲ့ဓါး၊ ဖောက်တံ အစရှိသဖြင့်။

၅။ ပန်းကန်တွေကို ပုံမနေစေပါနဲ့

Source: About Cleaning Products

ဟင်းချက်ရာမှာ အသုံးပြုပြီး ပန်းကန်တွေကို ဘေစင်မှာ ဒီအတိုင်း မထားခဲ့ပါနဲ့။ တစ်ခါတည်း ဆေးဖို့ အကြံပေးပါရစေ။ ပန်းကန်တွေရဲက အောက်ခြေမှာ ပိုးမွှားတွေ ကပ်နေနိုင်တဲ့ အတွက် ပန်းကန်တွေကို မီးဖိုခန်းမှာ တန်းလန်း ထားခြင်းကို ရှောင်ပါ။

၆။ အမြဲ အသုံး မပြုတဲ့ အရာတွေကို သိမ်းထားပါ

နေ့စဉ် သုံးနေတဲ့ ပစ္စည်းမဟုတ်တဲ့ အရာတွေကို သိမ်းထားတာ ပိုကောင်းပါတယ်။ ဖုန်တက်သက်သာစေပြီး ပိုးမွှားတွေ အောင်းနေတာကနေ လွတ်ကင်းနိုင်ပါတယ်။

၇။ ဆေးပြီး ပန်းကန်တွေကို လေနဲ့ အခြောက်ခံပါ

Source: Cleancult

ပန်းကန်တွေနဲ့ ခွက်တွေ ဆေးပြီးတဲ့ အချိန်တိုင်း ရေစစ်ပြီး သဘာဝလေနဲ့ အခြောက်ခံပါ။ ဒါမှ ပိုးမွှားတွေ သေစေနိုင်တာပါ။ ပြီးမှာ အဝတ်နဲ့ သုတ်ပြီး သိမ်းပါ။

၈။ ဟင်းဆီတွေနဲ့ အနှစ်တွေကို သုတ်ပေးပါ

Source: nukitchendesign.com

ဟင်းချက်တဲ့ အခါ ဖိတ်စင်တဲ့ ဆီတို့ တခြားအရည်တို့ ကျနေနိုင်ပါတယ်။ မီးဖိုခန်းရဲ့ ကြမ်းပြင်နဲ့ နံရံတွေမှာ စင်နေရင် သုတ်ပေးပါ။ ဆီတွေထဲကို ပိုးမွှားတွေ ဝင်နေနိုင်ပါတယ်။ တတ်နိုင်ရင်တော့ မီးဖိုခန်းရဲ့ တံခါးလက်ကိုင်ဘုတွေက အစ သန့်ရှင်းနေပါစေ။

၉။ လက်ကို သန့်ရှင်းအောင် ထားပါ

Source: Hello Magazine

အစားအစာတွေကို ကိုင်တွယ်ပြီးချိန် ဖြစ်ဖြစ် မချက်ပြုတ်ခင် ဖြစ်ဖြစ် လက်တွေကို သန့်ရှင်းအောင် ဆေးကြောပါ။ အစားအစာတွေကို ကိုင်ပြီးချိန်မှာတော့ စက္ကန့်၂၀လောက် လက်ကို ဆေးပါ။ အထူးသဖြင့် အသား ငါး အစိမ်းတွေ ကိုင်ပြီးချိန်မှာပါ။ လက်မှာ ထိခိုက်ဒဏ်ရာ ရှိတယ်ဆိုရင်တော့ လက်အိတ်ဝတ်ပြီး မီးဖိုဆောင် ဝင်ပါ။

၁၀။ အမှိုက်ပုံးကို ပြည့်မနေပါနဲ့

Source: Wirecutter

တစ်နေ့ အမှိုက် တစ်နေ့ ပစ်ပေးပါ။ အနံ့အသက်ဆိုးတွေကနေ သက်သာစေသလို ပိုးမွှားရန်ကနေလည်း လွတ်ကင်းစေပါတယ်။

Credit: extension.iastate.edu

Featured Image Source: Clean My Space