[Unicode]

သင့် မီးဖိုချောင်က ကျဉ်းသည်ဖြစ်စေ ကျယ်သည်ဖြစ်စေ အဓိကက သပ်သပ်ရပ်ရပ်ထားတတ်ဖို့ပါပဲ။ မီးဖိုချောင်က ကျဉ်းပေမယ့်လည်း စနစ်တကျသိမ်းဆည်းတတ်မယ်ဆိုရင် ကျယ်ဝန်းတဲ့မီးဖိုချောင်အဖြစ် နေ့ချင်းညချင်းပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။

သင့်ရဲ့ မီးဖိုချောင်ကို ကျယ်ဝန်းတဲ့ပုံသဏ္ဍာန်ပေါက်ဖို့အတွက် ဘယ်အချက်တွေကို သိထားသင့်လဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

ကော်ဖီဖျော်စက်

သင်က ကော်ဖီအမြဲတမ်းဖျော်သောက်တယ်ဆိုရင် မီးဖိုချောင်ရဲ့ ထောင့်တစ်နေရာမှာ ကော်ဖီမှုန့်ထုတ်၊ ကော်ဖီသောက်တဲ့ဖန်ခွက်လေးတွေနဲ့ တစ်စုတစ်စည်းတည်း စုထားလိုက်ပါ။ တကယ်လို့ သင်က ရံဖန်ရံခါမှသာ ကော်ဖီဖျော်သောက်တယ်ဆိုရင်တော့ ကော်ဖီဖျော်စက်ကို မီးဖိုစင်မှာ စနစ်တကျသိမ်းထားပေးရပါမယ်။

ဆားနှင့် ငရုတ်ကောင်းမှုန့်

ဟင်းချက်တဲ့အခါတိုင်း ဆားနဲ့ ငရုတ်ကောင်းမှုန့်က မဖြစ်မနေအသုံးပြုရပါတယ်။ ဆားနှင့် ငရုတ်ကောင်းထည့်တဲ့ဘူးကို အဝကျယ်တဲ့ဘူးထက်စာရင် ဘူးအဝကို အပေါက်ဖောက်ထားလိုက်မယ်ဆိုရင် ဟင်းချက်ရတာ လွယ်ကူမြန်ဆန်တာကို တွေ့မြင်ရမှာပါ။

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ခရမ်းချဉ်သီး၊ သံပုရာသီး၊ သံပုရိုသီး၊ ရှောက်သီး၊ ထောပတ်သီး စတဲ့ အစားအစာများက ရေခဲသေတ္တာထဲမှာ ထားတာထက် အခန်းအပူအချိန်ထဲမှာပဲ ထားထားတာက ပိုမိုကောင်းမွန်ပါတယ်။ ပုံထဲကလို ထည့်စင်လေးနဲ့ ထည့်သိမ်းထားရင်တော့ မီးဖိုချောင်ကို အလှဆင်ပြီးသားဖြစ်သွားတာပေါ့။

ပေါင်မုန့်မီးကင်စက်

ပေါင်မုန့်မီးကင်စက်လည်း ကော်ဖီဖျော်စက်လိုပါပဲ။ အမြဲတမ်း အသုံးပြုတယ်ဆိုမှ ထုတ်ပြီး တပ်ဆင်ထားလိုက်ပါ။ ရံဖန်ရံခါမှ အသုံးပြုရင်တော့ အသုံးပြုပြီးတိုင်း ပါကင်ဘူးလေးထဲ ပြန်ထည့်ထားပေးရပါမယ်။

စဉ်းနီတုံး

တကယ်လို့ သင့်မှာ စဉ်းနီတုံးလှလှပပလေး တစ်ခုရှိရင်တော့ ပန်းကန်စင်ပေါ်မှာ ပန်းကန်တွေနဲ့ ရောမသိမ်းထားဘဲ သူ့အတိုင်းသာ အလိုက်သင့်လေး ချထားပေးလိုက်ပါ။ ဒါ့အပြင် အသုံးပြုပြီးတိုင်း ရေဆေးသန့်စင်ပေးဖို့လည်း မမေ့ပါနဲ့။

ဟင်းချက်တဲ့နေရာမှာ ထုတ်မထားသင့်တဲ့ မီးဖိုချောင်သုံးပစ္စည်းများ

သစ်သီးဖျော်စက်၊ အသစ်စက်စက် အိုးခွက်ပန်းကန်များ၊ မှတ်စုစာအုပ်များ၊ သရေစာမုန့်ထုပ်များ စတဲ့ ပစ္စည်းတွေကို ဟင်းချက်တဲ့နေရာမှာ ထုတ်မထားသင့်ပါဘူး။ မုန့်ဆိုရင်လည်း မုန့်အလျောက် ရေခဲသေတ္တာထဲ ထည့်သိမ်းထားလိုက်ပါ။ အသုံးမပြုတဲ့ အိုးခွက်ပန်းကန်နဲ့ သစ်သီးဖျော်စက်တို့ကိုလည်း ကြောင်အိမ်ဘီဒိုထဲ ထည့်သိမ်းထားလိုက်ပါ။

ဒီနည်းလမ်းတွေကို သိထားပြီဆိုရင်တော့ သင့် မီးဖိုချောင်က မျက်စိရှုပ်စရာကောင်းတော့မှာမဟုတ်တော့ပါဘူး။

Source: onegoodthingbyjillee.com

[Zawgyi]

သင့္ မီးဖိုေခ်ာင္က က်ဥ္းသည္ျဖစ္ေစ က်ယ္သည္ျဖစ္ေစ အဓိကက သပ္သပ္ရပ္ရပ္ထားတတ္ဖို႔ပါပဲ။ မီးဖိုေခ်ာင္က က်ဥ္းေပမယ့္လည္း စနစ္တက်သိမ္းဆည္းတတ္မယ္ဆိုရင္ က်ယ္ဝန္းတဲ့မီးဖိုေခ်ာင္အျဖစ္ ေန႔ခ်င္းညခ်င္းေျပာင္းလဲသြားမွာပဲျဖစ္ပါတယ္။

သင့္ရဲ႕ မီးဖိုေခ်ာင္ကို က်ယ္ဝန္းတဲ့ပံုသ႑ာန္ေပါက္ဖို႔အတြက္ ဘယ္အခ်က္ေတြကို သိထားသင့္လဲဆိုတာ မွ်ေဝေပးလိုက္ပါတယ္။

ေကာ္ဖီေဖ်ာ္စက္

သင္က ေကာ္ဖီအၿမဲတမ္းေဖ်ာ္ေသာက္တယ္ဆိုရင္ မီးဖိုေခ်ာင္ရဲ႕ ေထာင့္တစ္ေနရာမွာ ေကာ္ဖီမႈန္႔ထုတ္၊ ေကာ္ဖီေသာက္တဲ့ဖန္ခြက္ေလးေတြနဲ႔ တစ္စုတစ္စည္းတည္း စုထားလိုက္ပါ။ တကယ္လို႔ သင္က ရံဖန္ရံခါမွသာ ေကာ္ဖီေဖ်ာ္ေသာက္တယ္ဆိုရင္ေတာ့ ေကာ္ဖီေဖ်ာ္စက္ကို မီးဖိုစင္မွာ စနစ္တက်သိမ္းထားေပးရပါမယ္။

ဆားႏွင့္ င႐ုတ္ေကာင္းမႈန္႔

ဟင္းခ်က္တဲ့အခါတိုင္း ဆားနဲ႔ င႐ုတ္ေကာင္းမႈန္႔က မျဖစ္မေနအသံုးျပဳရပါတယ္။ ဆားႏွင့္ င႐ုတ္ေကာင္းထည့္တဲ့ဘူးကို အဝက်ယ္တဲ့ဘူးထက္စာရင္ ဘူးအဝကို အေပါက္ေဖာက္ထားလိုက္မယ္ဆိုရင္ ဟင္းခ်က္ရတာ လြယ္ကူျမန္ဆန္တာကို ေတြ႔ျမင္ရမွာပါ။

ဟင္းသီးဟင္းရြက္ႏွင့္ သစ္သီးဝလံမ်ား

ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ အာလူး၊ ခရမ္းခ်ဥ္သီး၊ သံပုရာသီး၊ သံပု႐ိုသီး၊ ေ႐ွာက္သီး၊ ေထာပတ္သီး စတဲ့ အစားအစာမ်ားက ေရခဲေသတၱာထဲမွာ ထားတာထက္ အခန္းအပူအခ်ိန္ထဲမွာပဲ ထားထားတာက ပိုမိုေကာင္းမြန္ပါတယ္။ ပံုထဲကလို ထည့္စင္ေလးနဲ႔ ထည့္သိမ္းထားရင္ေတာ့ မီးဖိုေခ်ာင္ကို အလွဆင္ၿပီးသားျဖစ္သြားတာေပါ့။

ေပါင္မုန္႔မီးကင္စက္

ေပါင္မုန္႔မီးကင္စက္လည္း ေကာ္ဖီေဖ်ာ္စက္လိုပါပဲ။ အၿမဲတမ္း အသံုးျပဳတယ္ဆိုမွ ထုတ္ၿပီး တပ္ဆင္ထားလိုက္ပါ။ ရံဖန္ရံခါမွ အသံုးျပဳရင္ေတာ့ အသံုးျပဳၿပီးတိုင္း ပါကင္ဘူးေလးထဲ ျပန္ထည့္ထားေပးရပါမယ္။

စဥ္းနီတံုး

တကယ္လို႔ သင့္မွာ စဥ္းနီတံုးလွလွပပေလး တစ္ခု႐ွိရင္ေတာ့ ပန္းကန္စင္ေပၚမွာ ပန္းကန္ေတြနဲ႔ ေရာမသိမ္းထားဘဲ သူ႔အတိုင္းသာ အလိုက္သင့္ေလး ခ်ထားေပးလိုက္ပါ။ ဒါ့အျပင္ အသံုးျပဳၿပီးတိုင္း ေရေဆးသန္႔စင္ေပးဖို႔လည္း မေမ့ပါနဲ႔။

ဟင္းခ်က္တဲ့ေနရာမွာ ထုတ္မထားသင့္တဲ့ မီးဖိုေခ်ာင္သံုးပစၥည္းမ်ား

သစ္သီးေဖ်ာ္စက္၊ အသစ္စက္စက္ အိုးခြက္ပန္းကန္မ်ား၊ မွတ္စုစာအုပ္မ်ား၊ သေရစာမုန္႔ထုပ္မ်ား စတဲ့ ပစၥည္းေတြကို ဟင္းခ်က္တဲ့ေနရာမွာ ထုတ္မထားသင့္ပါဘူး။ မုန္႔ဆိုရင္လည္း မုန္႔အေလ်ာက္ ေရခဲေသတၱာထဲ ထည့္သိမ္းထားလိုက္ပါ။ အသံုးမျပဳတဲ့ အိုးခြက္ပန္းကန္နဲ႔ သစ္သီးေဖ်ာ္စက္တို႔ကိုလည္း ေၾကာင္အိမ္ဘီဒိုထဲ ထည့္သိမ္းထားလိုက္ပါ။

ဒီနည္းလမ္းေတြကို သိထားၿပီဆိုရင္ေတာ့ သင့္ မီးဖိုေခ်ာင္က မ်က္စိ႐ႈပ္စရာေကာင္းေတာ့မွာမဟုတ္ေတာ့ပါဘူး။

Source: onegoodthingbyjillee.com