အလှူမင်္ဂလာပွဲလေးတွေမှာ ကျောက်ကျောကမပါမဖြစ်ပါနော်။ ဒီလိုကျောက်ကျောထိုးတဲ့အခါ မြင်နေကျပုံစံတွေက ရိုးနေပြီနော်။ ဒါကြောင့် ဒီတစ်ခါမှာ သုံးရောင်ချယ်သစ်သီးစုံ နို့စိမ်းကျောက်ကျောဆိုပြီး တစ်မျိုးလေးပြောင်းပြီးထိုးစားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • ကျောက်ကျော – ၅၀ဂရမ် (တယ်လီဖုန်း တံဆိပ် အထုပ်ကြီးတစ်ထုပ်)
  • ရေနို့ဆီခွက် – ၈ခွက်
  • နို့စိမ်း – ဗူးကြီး၂ဗူး
  • နို့ဆီ – ၁ဗူး
  • သကြား – ၃၀သားခန့်
  • ဆား

ပြုလုပ်နည်း

  1. တယ်လီဖုန်း တံဆိပ် ကျောက်ကျောအထုပ်ကြီးတစ်ထုပ်ကို ရေနို့ဆီခွက်နဲ့ ၈ခွက် ၊ နို့စိမ်း ဗူးကြီး၂ဗူး ၊ နို့ဆီ ၁ဗူး ၊ သကြား ၃၀သားခန့် ၊ ဆား အနည်းငယ်တို့ အားလုံးကို ရောစပ်ပြီး သမအောင်မွှေပြီး ၃အိုးခွဲပါ ။
  2. တစ်အိုးချင်းစီကို မိမိနှစ်သက်ရာ အရောင်းတမျိုးစီထည့်ပြီး မီးဖိုပေါ်တင်ပြီး တစ်အိုချင်း ပထမအိုးကို မီနစ်၂၀ခန့်ကျိုပြီး ဗန်းထဲလောင်းထည့်အအေးခံကာ ဒုတိယအိုးကို မီနစ်၂၀ဆက်ကျိုပြီး ပထမအိုပေါ်သို့ ထပ်လောင်းထည့်ပါ။ တတိယအိုးကို မီနစ်၂၀ခန့်ဆက်ကျိုပြီး ဒုတိယအိုပေါ် ထပ်လောင်းထည့်ပါ ။ အအေးခံပြီး မိမိနှစ်သက်သလို လှီးဖြတ်စားသုံးနိုင်ပါပြီး ။

Credit: Thida Lay Lay