အစားအစာ ပြုလုပ်နည်း၊ ချက်ပြုတ်နည်းလေးတွေ ဝေမျှတဲ့ အခါ ဟင်းပွဲကြီးတွေသာမက မနက်စာ (Breakfast)၊ အစာပြေစားလို့ရတဲ့ Menu လေးတွေကိုလည်း ဖော်ပြပေးသွားမှာပါ။ အရသာတစ်မျိုး ထူးခြားလှသည့် ကိုရီးယား Tofu Kimchi Jeon Menu ဖြစ်ပါသည်။
Tofu Kimchi Jeon ပြု လုပ်နည်းလေးဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- Tofu (မြန်မာအခေ ါ်ပဲပြား) – ၁၅၀ ဂရမ်
- ကင်ချီ – ၈၀ ဂရမ် (ပါးပါးနုတ်နုတ်လှီးထားပါ)
- Flour (အကြော်မှုန့်) – ၄ ဇွန်း (စားပွဲတင်ဇွန်း)
- ကြက်သွန်ဖြူ ကြိတ်ပြီးသား – ၁ ဇွန်း (စားပွဲတင်ဇွန်း)
- ကြက်သွန်နီ – ၁ လုံး (ပါးပါးလှီးထားပါ)
- ကြက်ဥ – ၂ လုံး
- ဆား – အနည်းငယ်
- ဆီ – အနည်းငယ်
- ကြက်သွန်မြိတ် – ၃ ပင် (ပါးပါးလှီးထားပါ)
- ငရုတ်သီးအနီတောင့် – ၂ တောင့် (ပါးပါးလှီးထားပါ) ***(ကလေးများ အတွက်ဆို မထည့်ပါ ။)
ပြုလုပ်နည်း
- ပထမဆုံး Tofu (ပဲပြား) ကို ပန်းကန်တစ်ခုထဲ ထည့်ပြီး ကြေသွားအောင် လက်ဖြင့် ချေပါ။
- ကင်ချီ ၊ ကြက်သွန်အနီ ၊ ကြက်သွန်မြိတ် ၊ Flour (အကြော်မှုန့်) ၊ ကြက်သွန်ဖြူ ၊ ဆား ၊ *** (ငရုတ်သီးအနီ) နှင့် ကြက်ဥ နှစ်လုံး ဖောက်ထည့်ပြီး အားလုံးကို သမအောင် ရောနယ်ပြီး အပြားလေး များ ပြုလုပ်ပါ။
- ပြီးလျင် ဒယ်အိုးထဲတွင် ဆီအနည်းငယ် ထည့်၍ မီးအေးအေးဖြင့် ကြော်ပါ ။ တစ်ဖက်ကို ၅ မိနစ်ခန့် ကြော်ရပါတယ်။ နှစ်ဖက် အရောင်တူ ကျက်ပါက အသင့် စားသုံးနိုင်ပါသည်။
Credit: ဇွဲသုသု
Source: kimchiandbasil.com