ဟင်းချက်ပြုတ်ခြင်းအနုပညာဟာ ခက်ခဲတယ်လို့သင်ထင်ပါသလား။ စိတ်မပူပါနဲ့ Creative ဖြစ်တဲ့ Tips လေးတွေသာ သိထားမယ်ဆိုရင်တော့ ဟင်းချက်ရတာဟာ ပေါ့ပါးပြီးပျော်ဖို့တောင်ကောင်းလာမှာ အမှန်ပါ။ ဘယ်လိုဟင်းပွဲလာလာ အနုပညာဆန်ဆန်ချက်ပြုတ်နိုင်စေဖို့ ဆောင်ရန်ရှောင်ရန် Tips လေးတွေ တင်ဆက်ပေးလိုက်ပါတယ်။

(၁) ကြက်သွန်နီကို မငိုပဲလှီးမယ်

ကြက်သွန်လှီးတိုင်း ငိုနေရလို့ စိတ်ညစ်နေပြီလား။ အင်မတန်ရိုးရှင်းတဲ့ Tipလေးကတော့ ပေါင်မုန့်တချပ်ကိုက်ထားလိုက်ပါ။ ဘာလို့ဆိုရင် ပေါင်မုန့်ဟာကြက်သွန်မှာရှိနေတဲ့ အစိုဓာတ်ကိုစုပ်ယူပေးနိုင်လို့ ဖြစ်ပါတယ်။

(၂) အခွံပါတဲ့အသီးတွေကို လွယ်လွယ်ကူကူခွာကြမယ်

ပန်းသီးလို အခွံပါးပါးနဲ့ အသားမပါအောင်ခွာရတဲ့အသီးမျိုးကို အခွံနွှာဓားမျိုးမလိုပဲ ခွာချင်ရင်တော့ လိုမယ့်ပစ္စည်းကတစ်ခုထဲပါ။ အဲ့ဒါကတော့ ရေခဲရေပဲဖြစ်ပြီးတော့ ကိုယ်စားမယ့်အသီးကို အချိန်ငါးမိနစ်ခန့်စိမ်ထားရုံနဲ့ အလွယ်တကူနွှာနိုင်ပါပြီ။

(၃) ကြက်ဥလှီးရင် အနှစ်တွေကပ်ပါမလာအောင် လှီးမယ်

ပြုတ်ထားတဲ့ကြက်ဥကိုလှီးတဲ့အခါ အနှစ်တွေကပ်ပါလာတာဟာ အင်မတန်စိတ်တိုဖို့ကောင်းပါတယ်။ ဒီလိုမဖြစ်အောင်ဆိုရင်တော့ ကြက်ဥလှီးဖို့သုံးမယ့် ဓား(သို့မဟုတ်) ဇွန်းကို အအေးခံလိုက်ပါ။ ဒါဆိုရင်တော့ ဘယ်လိုပဲလှီးလှီး ကြက်ဥအနှစ်တွေ ကပ်ပါလာမှာမဟုတ်ပါဘူး။

(၄) ထမင်းစားမြိန်အောင် ဟင်းခတ်အမွှေးကြိုင်တွေကို မွှေးမွှေးလေးခတ်ကြမယ်

ဟင်းခတ်အမွှေးကြိုင်တွေကို သာမန်ထပ်ပိုပြီးမွှေးစေချင်ရင်တော့ သူတို့ရဲ့အဆီအနှစ်လေးတွေပိုကြွလာအောင် အရင်ဆုံးအပူပေးရပါမယ်။ဒါဆိုရင်တော့ ရနံ့မွေးမွေးလေးဖြစ်စေပြီးတော့ ဟင်းရနံ့လှိုင်လှိုင်လေးနဲ့ ထမင်းစားမြိန်စေမှာအမှန်ပါ။

(၅) ခရမ်းချဉ်သီးလို အချဉ်ဓာတ်ပါတဲ့အသီးတွေကို ဓာတ်မပြယ်အောင်ထားကြမယ်

မြန်မာထမင်းဝိုင်းကဟင်းတွေမှာ ကြက်သွန်နီပြီးရင် အရေးကြီးဆုံးကတော့ ခရမ်းချဉ်သီးပဲဖြစ်ပါတယ်။ခရမ်းချဉ်သီးလို အချဉ်ဓာတ်ပါတဲ့အသီးတွေနဲ့ ပတ်သက်ပြီး ရှောင်ကြဉ်ရမယ့်အရာကတော့ ရေခဲသေတ္တာထဲထည့်ခြင်းပဲ ဖြစ်ပါတယ်။ အအေးဓာတ်က အသီးရဲ့ အနံ့အရသာကို ပြယ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။