ကလေးသူငယ် တွေကနေ လူကြီးများအထိ အချိန်မရွေး စားသုံးနိုင်သော အချိုပွဲလေးကို အိမ်မှာအချိုတည်းစရာကုန်လို့ ဘာလုပ်ပေးရမှန်းမသိ ဖြစ်မနေချိန် အကူအညီပေးမယ့် မအီမချို စိမ့်စိမ့် အရသာလေးနဲ့ တပွဲစာ (တယောက်စာ) ကို အလွယ်တကူ ပြင်ဆင် ရရှိနိုင်တဲ့ ပူတင်းအချိုပွဲလေးပါ။

အချိန်လဲ အများကြီး ပေးစရာမလိုတဲ့အတွက် စားခန်းနီးမှ လုပ်လဲရပါတယ်။ လုပ်စားကြည့်လိုက်နော်…. အားလုံးကြိုက်လွန်းလို့နောက်တပွဲတောင်းနေအုန်းမယ်။

ပါဝင်ပစ္စည်းများ

ကြက်ဥ ၁ လုံး (အလုံးကြီး)

သကြားညို လက်ဖက်ရည်ဇွန်း ၂ ဇွန်း (အချို လိုချင်ရင် ထပ်ထည့်ပါ၊ သကြားဖြူလဲသုံးလို့ရပါတယ်)

ဗာနီလာရည် ၃ စက်

ရွှေကြည်မှုန့်အနု စားပွဲဇွန်း ၁ ဇွန်း

နွားနို့ စားပွဲဇွန်း ၁၀ ဇွန်း – ၁၅ ဇွန်း လောက်ထည့်ပါ (ပူတင်းလုပ်မယ့်ခွက်အရွယ်အစား ပေါ်မူတည်ပါတယ်)

ပြုလုပ်နည်း

ခွက် အကြီးကြီးထဲသို့ ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး လက်ကိုင် မွှေစက်ဖြင့်မွှေပါ။ (ခရင်း လဲ ခေါက်လို့ရပါတယ်)။

အပူခံနိုင်သော တယောက်စာကြွေခွက်ထဲသို့ ရောမွှေထားသော အရည်ထဲ့ပါ။

အိုးအကြီးထဲသို့ ပူတင်းအနှစ်ရည် ထည့်ထားသောခွက်ကို ထားပါပြီလျှင် ရေနွေးအပူထည့်ပါ။ အိုးအဖုံးဖုန်းပြီး ဆူအောင်တည်ပါ။

အိုးအကြီးထဲသို့ ပူတင်းအနှစ်ရည် ထည့်ထားသောခွက်ကို ထားပါပြီလျှင် ရေနွေး အပူထည့်ပါ။ အိုးအဖုံး ဖုန်းပြီး ဆူပေူတင်းကို တင်းတင်းလေးကြိုက်လျှင် ၁၀ မိနစ် ကျော်ကျော် လောက် တည်ပါ။ အပေါ်ရံတင်းပြီး မွှေးလာလျှင် ပူတင်းခွက်ကို ရေနွေး အိုးထဲမှဆယ်ပါ။ တယောက်စာခွက်နဲ့ လုပ်ထားတာကြောင့် ဒီအတိုင်း ပန်းကန်ပြားလေး ခံပြီး ဇွန်း တတ် စားလို့ရပါပြီး။အာင်တည်ပါ။

အိုးအကြီးထဲသို့ ပူတင်းအနှစ်ရည် ထည့်ထား သောခွက်ကို ထားပါပြီလျှင် ရေနွေး အပူထည့်ပါ။ အိုးအဖုံး ဖုန်း ပြီး ဆူပေူတင်းကို တင်းတင်း လေးကြိုက်လျှင် ၁၀ မိနစ် ကျော်ကျော် လောက် တည်ပါ။ အပေါ်ရံတင်းပြီး မွှေးလာလျှင် ပူတင်းခွက်ကို ရေနွေးအိုးထဲမှဆယ်ပါ။ တယောက်စာခွက်နဲ့ လုပ်ထားတာကြောင့် ဒီအတိုင်း ပန်းကန်ပြားလေးခံပြီး ဇွန်း တတ် စားလို့ရပါပြီး။အာင်တည်ပါ။

သစ်ကြပိုးမှုန့် လေး ဖြူး ပြီး စားလျှင် ပိုပြီးဆွဲဆောင်မှုနဲ့ အရသာကောင်းသလို…. ချောကလက်ကြိုက်သူများကတော့ ချောကလက်အမှုန့်ဖြူးစားလို့ရပါတယ်။ ကြိုက်နှစ်သက် ရာ ရေခဲမုန့်နဲ့လဲ တွဲစား လို့ရပါတယ်။

Credit: Syi Lwin Foods Garden