ဒီနည်းက အနောက်တိုင်းက လူတွေ ငါးကို ကြော်စားတဲ့နည်းပါ။ ဆိုင်တွေမှာ ဧည့်သည် လာမှ ချက်ချင်းကြော်ပေးတဲ့ဟင်းလေးပါ။ အရမ်းမြန်ြ ပီးလွယ်ကူပါတယ်။ ပါဝင်တဲ့ပစ္စည်းသိပ်မများပဲ ဟင်းတခွက်ပါ။ အနောက်နိုင်ငံက လူတွေ ကတော့ စပါဂတီတို့ပေါင်မုန့်တို့နဲ့တွဲစားပါတယ်။
ပါဝင်သောပစ္စည်းများ
- အကွင်းလိုက် ငါးအသားတုံး – ၂၅ ကျပ်သား (သို့) ၁ ပေါင်
- ဆား – လက်ဖက်ရည်ဇွန်း တဝက်
- ငရုတ်ကောင်း – လက်ဖက်ရည်ဇွန်း တဝက်
- အကြော်မှုန့် – ထမင်းစားဇွန်း ၂ ဇွန်း
- ဆီ – ထမင်းစားဇွန်း ၂ ဇွန်းပြုလုပ်နည်း
ပြင်ဆင်ပြုလုပ်နည်း
- လတ်ဆတ်သောငါးကို အသုံးပြုပါ ။ ညှီနံ့ ကြောက်လျှင် ဂျင်းကို ညက်နေအောင်ထောင်းပြီး ငါးကို ဂျင်းအရည်နှင့် နှပ်ထားပါ။
- ငါးကို သန့်စင်အောင်ဆေးပြီး ရေစစ်ထားပါ ။ ရေပြောင်အောင် စက္ကူ ဖြင့်သုပ်ပေးပါ ။ ထို့နောက် ငါးကို ဆားဖြင့် ၂ ဖက်လုံး နှံ့အောင်လုပ်ပါ ။ ြ ပီးလျှင် ငရုတ်ကောင်းကို ငါးရဲ့၂ ဖက်လုံး နှံ့အောင်ဖြူ းပါ ။
- မကပ်သော အိုးထဲတွင် ဆီ ထမင်းစားဇွန်း ၂ ဇွန်းကို ထည့်၍ အပူပေးပါ ။
- အကြော်မှုန့်ကို ပန်းကန်ပြား တခုပေါ်တွင် ထည့်ပါ ။ ထို့နောက် ငါးကို အကြော်မှုန့်ဖြင့် ၁ ဖက်အရင် ကပ်လူးပါ ။ ပြီးလျှင် နောက်တဖက် အရင်ကပ်လူးပါ။
- ပူနေသော ဆီအိုးထဲတွင် ထည့်ကြော်ပါ ။ ပြီးလျှင် အိုးကို အဖုံး ဖုံးထားပါ ။ ၃ မိနစ်လောက်နေလျှင် ငါးကို အသားလေး လှန်ကြည့်ပါ။ အကြော်မှုန့်များ ညို ၍ ကြွပ်နေလျှင် နောက်တဖက် လှန်၍ ပြန်ပြီး အဖုံးအုပ်ထားပါ ။ ၃ မိနစ်လောက် နေလျှင် အိုးပေါ်မှ ချ၍ သုံးဆောင်နိုင် ပါပြီ ။
Credit: Ei San’s Homemade Inspiration