ပါဝင်ပစ္စည်းများ
- ငါးခူ ငပိကောင် ၂ ကောင်
- ကြက်သွန်နီ အကြီး ၂ လုံး (ပါးပါး လှီးထားပါ)
- ကြက်သွန်ဖြူ အမွှာကြီး ၅ မွှာ (မထူမပါး လှီးထားပါ)
- နနွင်းမှုန့် အနည်းငယ်
- ငရုတ်သီးခြောက် ခွဲခြမ်း အနည်းငယ်
- ဆီ
- အချိုမှုန့် အနည်းငယ်
ပြုလုပ်နည်း
- ငါးခူ ငပိကောင်များကို ကြော်ရန်အတွက် အနေတော် တုံးရျ် ရေနွေးနွေးလေးထဲတွင် ဆားဓါတ်များ လျော့သွားစေရန် ၁၀မိနစ်ခန့် စိမ်ထားပါ။ ပြီးလျင် ရေထဲတွင် ရှာလကာရည် (ပိုးမွှားများ ကင်းစင်အောင်) အနည်းငယ် ထည့်၍ သန့်စင်အောင် ဆေးပြီး ရေစစ်ထားပါ။
- ဒယ်အိုးထဲတွင် ဆီကိုပူအောင် တည်ပြီး နနွင်းမှုန့် အနည်းငယ် ထည့်၍ ပါးပါးလှီးထားသည့် ကြက်သွန်နီများကို မီးအေးအေးဖြင့် ကြွပ်နေအောင် ကြော်ပါ။ ကြွပ်နေသည့် ကြက်သွန်နီကြော်များကို ဆယ်၍ အအေးခံထားပါ။
- ကြက်သွန်နီကြော် ထားသည့် ဆီထဲတွင် မထူမပါး လှီးထားသော ကြက်သွန်ဖြူကို မီးအေးအေးဖြင့် ကြွပ်နေအောင် ကြော်ပါ။ ကြွပ်နေသည့် ကြက်သွန်ဖြူကြော်များကို ဆယ်၍ အအေးခံထားပါ။
- ပြီးလျင် စစ်ထားသော ငါးခူငပိကောင်များကို မီးအေးအေးဖြင့် ကြွပ်နေအောင် ကြော်ပါ။ ကြွပ်နေသည့် ငါးခူငပိကောင်ကြော်များကို ဆယ်၍ အအေးခံထားပါ။
- နောက်ဆုံးမှ ငရုတ်သီးခြောက် ခွဲခြမ်းများကို ကြော်၍ ကြော်ပြီးသော ငါးခူငပိကောင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့နှင့် ရော၍ အချိုမှုန့် အနည်းငယ် (နှစ်သက်လျင်) ဖြူးပါ။ အရသာ အပေါ့အငံမြည်း၍ သုံးဆောင်နိုင်ပါပြီ။
MyFood Myanmar