ပဲ - Beans | ဟင်းရည် - Soups

ဂျလေဘီ ပဲစုံ ဟင်းရည် (Jalaybe Mix Bean Soup)

June 28, 2016

ဂျလေဘီ ပဲစုံ ဟင်းရည် (Jalaybe Mix Bean Soup)

Share this on:

မစည်ရဲ့ ဂျလေဘီ ပဲစုံဟင်းက စားချင်စဖွယ်လေး ဖြစ်တဲ့အတွက် My Food မိတ်ဆွေတို့ကိုလည်း ပြန်လည် ရှယ်ပေးလိုက်ပါတယ်နော် ။ ချက်စားကြည့်လိုက်နော် ကြိုက်မှာပါ ။

ပါဝင်ပစ္စည်းများ

  • ပဲအစုံရော - တစ်ဝက် ခွက်   (စပါးလင် ၊ ကြက်သွန်ဖြူ ၊ ချင်း နှင့် ဆား ထဲ၍ ပြုတ်ထားပါ)
  • ပင်စိမ်း - ၃ ပင် (အရွက်တွေချွေထားပါ)
  • ခရမ်းချဉ်သီး - ၃ လုံး (အစေ့ထုတ် ၊ အခွံခွာပြီး အတုံးသေးတွေ တုံးထားပါ)
  • ကြက်သွန်နီ - ၂ လုံး (အတုံးလေးတွေ လှီးထားပါ)
  • ကြက်သွန်ဖြူ - ၂ တက် (နုတ်နုတ်စင်း ထားပါ)
  • ချင်း (ဂျင်း) - လက်မ၀က် အရွယ် (နုတ်နုတ်စင်းထားပါ)
  • ဆား (အနည်းငယ်) 
  • နေကြာဆီ - ၁ ဇွန်းခွဲ (စားပွဲတင်ဇွန်း) 
  • ငရုတ်သီးစိမ်း - ၂ တောင့် (အစေ့ထုတ်ပြီး ခပ်ပါးပါးလှီးထားပါ)
  • ငံပြာရည် - ၁ ဇွန်းခွဲ (လက်ဖက်ရည်ဇွန်း) 
  • အသားမှုန့် - ၁ ဇွန်းခွဲ (လက်ဖက်ရည်ဇွန်း)
  • နနွင်းမှုန့် - ၃ ပုံ ၁ ပုံ (လက်ဖက်ရည်ဇွန်း) 

ချက်ပြုတ်နည်း

  1. ဟင်းအိုး ထဲ သို့ ဆီ ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ချင်း ၊ ငံပြာရည် ၊ ငရုတ်သီး နှင့် နနွင်းမှုန့်များ ထည့်ပြီး ဆီသတ်ပါ ။ ကြက်သွန်နီ နွမ်းလျှင်ရပါပြီ ။ ပဲစုံရောထည့်ပြီး ရေ ၂ ခွက်လောက်ထည့်ပြီး တည်ပါ ။ ရေဆူအောင်တည်ပြီး ရေ ၃ ပုံ ၁ ပုံလောက်ခမ်းလျှင် ခရမ်းချဉ်သီး ထည့်ပြီးတည်ပါ ။
  2. ပင်စိမ်းကလွဲလို့ ကျန်ပါဝင်ပစ္စည်းများ ထည့်ပါ ။ နှံ့အောင်မွှေပါ ။ ၂ - ၃ မိနစ်လောက်တည်ပြီး ဆားမြည်းပါ ။ လိုတာ ထပ်ဖြည့်နိုင်ပါသည် ။ မီးဖိုပေါ်မှချပါ ။ ရေစပ်စပ်လေး နဲ့ထားပါ ။ ပင်စိမ်းအုပ်ပြီး ပူပူအေးအေး သုံးဆောင်လို့ သင့်တော်ပါတယ် ။
Credit: Syi Foodsgarden

Review

User Rating

3.5 (4 Votes)