ငါး - Fish | ဟင်းရည် - Soups | ဟင်းသီးဟင်းရွက် - Vegetables

မကျည်းရွက် နှင့် ကဇွန်းရိုးနီ အရည်သောက်

June 15, 2016

မကျည်းရွက် နှင့် ကဇွန်းရိုးနီ အရည်သောက်

Share this on:

ပါဝင်ပစ္စည်းများ ပြုလုပ်နည်း

  • ငါးခေါင်း တခြမ်း
  • မကျည်းရွက် ၁ ဗူး (နို့ဆီဗူး)
  • ကဇွန်းရိုးနီ ၁ စည်း (ခြွေထားပါ)
  • ခရမ်းချဉ်သီး ၁ လုံး (မထူမပပါး လှီးထားပါ)
  • ကြက်သွန်နီ တခြမ်း (ပါးပါးလှီးထားပါ)
  • နနွင်းမှုန့် အနည်းငယ်
  • ဆား အနည်းငယ်
  • ငံပြာရည် အနည်းငယ်
  • ငရုတ်သီးစိမ်း
  • နံနံပင်အမြစ်
  • ရေ

ပြုလုပ်နည်း

  1. ငါးခေါင်းကို သန့်စင်ပြီး ငံပြာရည် ၊ ဆား နှင့် နနွင်းမှုန့် တို့နှင့် နယ်ထားပါ ။
  2. အိုးထဲတွင် နယ်ထားသော ငါးခေါင်းကို ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ နံနံပင်အမြစ် နှင့် ရေကို မြုပ်ရုံ ထည့်ပြီး ပြုတ်ပါ ။
  3. ဟင်းရည်ကျပြီ ဆိုလျင်ြေ ခွထားသော ကဇွန်းရိုးနီ နှင့် ငရုတ်သီးစိမ်း ကိုထည့်ပါ ။ ရေလိုပါက ရေနွေးကို ထည့်ပါ ။
  4. ကဇွန်းရိုးနီ နူးကာနီးတွင် မကျည်းရွက်ကို ထည့်ပါ ။
  5. အချိုမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည် ။
My Food Myanmar

Review

User Rating

0 (0 Votes)