မုန့်ပြစ်သလက်

Share this on:

ငယ်ငယ်ကတော့ အမေက သားသမီးတွေကို ကျောင်းအားရက်မှာ လုပ်ကျွေးခဲ့တယ် ။  အခုတော့ ရုံးအားရက် ဆိုရင် အမေ နဲ့ အဘကို ပြန်ပြီးလုပ်ကျွေးပါတယ် ။  အသက် ၈၀ကျော် မိဘ ၂ပါးအတွက် မုန့်ပြစ်သလက်က ပျော့ပြောင်း နူးညံ့ပြီး ဝါးရလည်း လွယ်ပါတယ် ။
အရင်ကတော့ အမေ့မှာ ဆုံမှာ ဆန်ကြိတ်ပြီး ကြိတ်လာတဲ့ ဆန်တွေ ရေစိမ်နဲ့ အလုပ်များပါ့ ။  အခုတော့ ဆန်မှုန့်အထုတ်ထဲက အမှုန့် ရေစိမ်ယုံဘဲ ဆိုတော့ ခဏခဏ လုပ်စားဖြစ်ပါတယ် ။   အိမ်မှာလုပ်စားတော့ ဆီသန့်သန့်လေးနဲ့  စားရတာပေါ့ ။   မုန့်ပြစ်သလက်ကို အဘက နှမ်းထောင်းနဲ့ အမေကတော့ ပဲဆီစစ်စစ်ကို ဆားထည့်ပြီး တို့စားရတာ ကြိုက်ကြတယ် ။   မြန်မာမုန့်ထဲက အနှစ်သက်ဆုံး မုန့်ပါဘဲ ။ လုပ်နီးလေးကို မျှဝေလိုက်ပါတယ် ။

မုန့်ပြစ်သလက် (၂၅/၂၈) ခြပ်

2

3

ပါဝင်ပစ္စည်းများ

  • ဆန်မှုန့်  - ၅ ခွက်
  • YEAST - ၂ ဇွန်း ခွဲ (လက်ဖက်ရည်ဇွန်း)
  • ဆား - ၁ ဇွန်း ခွဲ (လက်ဖက်ရည်ဇွန်း)
  • ရေ -  ၆ ခွက်
  • နံနံပင် - ၁ ခွက်(ပါးပါးလှီး)
  • ကြက်သွန်မြိတ် - ၁ ခွက်(ပါးပါးလှီး)
  • ပဲပြုတ် - ၂ ခွက်
  • ဆီ

ပြုလုပ်နည်း

  1. ဆန်မှုန့် ၊ ဆား ၊ YEAST နှင့် ရေ တို့ကို နှံ့အောင်နယ်ရ်ျ အရည်ဖျော်ပြီး ရေခဲသေတ္တာထဲတွင် တညထားပါ ။   မနက် စားရန် အတွက် မုန့်နှစ် ညကတဲက ဖျော်ထားမှကောင်းပါသည် ။   ညနေခင်း စားမည်ဆိုလျင်လည်း မနက် အစောပိုင်းမှ မုန့်နှစ်ကို ဖျော်ထားရပါမည် ။
  2. မကပ်သော ဒယ်အိုး အသေးကို ဆီ အနည်းငယ် သုပ်ပြီး မီး အပူပေးပါ။  မီးဖို၏ မီးက အရေးကြီးပါသည် ။   မပူလွန်း သောမီး ၊ မီးကို အနေတော်သာထားရ်ျ မုန့်လုပ်ပါ ။
  3. အိုး ပူလာလျှင်  မုန့်နှစ်ကို ထမင်းခပ်ဇွန်းကြီး ၁ ဇွန်းခွဲခန့် ထည့်ပါ ။
  4. မုန့်နှစ်ထဲ့ ပြီးလျှင် ပဲပြုတ် ၊ နံနံပင် နှင့် ကြက်သွန်မြိတ်ကို ဖြူး ထည့်ပါ ။  ပြီးလျင် ဒယ်အိုးကို အိုးအဖုံး အပေါ် အုပ်ပြီး ၂ မိနစ်ခန့် ထားပါ။
  5. ဒယ်အိုးကို မကြာခဏ ဆီသုတ်တံလေး နှင့် မုန့်မထည့်မည် သုတ်သုတ်ပေးပါ ။  မုန့်နှစ်မကပ်စေရန် နှင့် မုန့်ကို အိုးထဲမှ အလွယ်တကူ ဆည်ယူနိုင်ရန် အတွက် ဖြစ်ပါသည် ။
  6. မုန့်ပြစ်သလက်ကို နှမ်းဆားထောင်း ၊ ဆီနှင့် ဆားတို့နှင့် တွဲရ်ျ စားလေ့ ရှိပါသည် ။  ***အင်မတန်မှ လွယ်ကူပြီး အိမ်တွင်လုပ်လျှင် ဆီသန့်သန့်နှင့် စားရပါတယ် ။
My Food Myanmar

Review

User Rating

3.6 (21 Votes)