ငါး - Fish | အပေါင်း - Steamed

မျှစ်ငါးငါးပေါင်းထုပ်

June 8, 2016

မျှစ်ငါးငါးပေါင်းထုပ်

Share this on:

ရွာက ဦးလေးက မျှစ်တွေပေါ်နေပြီမို့ ယူလာပေးတာနဲ့ ဈေးသွားရင်း ငါးကြင်းလတ်လတ်ဆတ်ဆတ်တွေ့တာနဲ့ ငါးပေါင်းထုပ်လေး လုပ်စားပါတယ် ။

Fish Steam 1

Fish stem 3

ပါဝင်ပစ္စည်းများ

  • မျှစ် (ပြုတ်ပြီးသာ)
  • ငါးကြင်း
  • ငရုပ်သီးမှုန့်
  • ဆီ
  • ကြက်သွန်နီ
  • နနွင်းမှုန့်
  • ယိုးဒယားမယ်အကြော်မှုန့်
  • ဆား
  • အရသာမှုန့်
  • ဆီ
  • ရဲယိုရွက်

ပြုလုပ်နည်း

  1. ရဲယိုရွက်ကို ရေဆေးပြီး စစ်ထားပါ ။ မျှစ်ပြုတ်ပြီးသာတွေကို အမျှင်လေးများ စိတ်ထားပါ ။ ကြက်သွန်နီကို အ၀ိုင်းလေးများ စိတ်ထားပါ ။
  2. ငါးကြင်းကို အရိုးထုတ်ဓားကွေး (သို့) ရိုးရိုးဓားဖြင့် ငါးအသားများကို နွှာပေးပါ။ အရေခွံပါ ဖယ်ပေးပါ ။ ပြီးလျှင် အတုံးသေးသေး တုံးထားပါ ။ တုံးထားသော ငါးများကို ငရုတ်သီး နှင့် ဟင်းခတ်အမွှေးအကြိုင်တို့နဲ့ ရောပြီး ဆီသတ် ချက်ပါ ။
  3. ကျက်ရင် မျှစ် ၊ ကြက်သွန်နီ ၊ နနွင်းမှုန့် ၊ ယိုးဒယားမယ်အကြော်မှုန့် ၊ ဆား ၊ အရသာမှုန့် ၊ ဆီ ၊ ရေအနည်းငယ်တို့ထည့်ပြီး သမအောင်မွှေပါ ။
  4. ပြီးရင် ရဲယိုရွက်နဲ့ ထုပ်ပါ ။ နှစ်ထပ်ဒယ်အိုးနဲ့ပေါင်းပြီး 15/20မိနစ်လောက်ဆို စားလို့ရပါပြီ။
Credit: Naing Naing

Review

User Rating

0 (0 Votes)