ဟင်းသီးဟင်းရွက် - Vegetables | အကြော် - Fried

ကြက်ဟင်းခါးသီး အကြွတ်ကြော်

May 12, 2016

ကြက်ဟင်းခါးသီး အကြွတ်ကြော်

Share this on:

bitter gourd

ပါဝင်ပစ္စည်းများ

  • ကြက်ဟင်းခါးသီး
  • ဆား
  • နနွင်း
  • အရသာမှုန့် (သို့) အချိုမှုန့်
  • ဆီ
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ပုဇွန်ခြောက်
  • ငရုပ်သီးမှုန့်

ပင်ဆင်ပြုလုပ်နည်း

  1. ကြက်ဟင်းခါးသီးကို အကွင်းလိုက်လေးတွေ လှီးပါ ။ ဆား ၊ နနွင်း ၊ အရသာမှုန့် ၊ (အမဲသားမှုန့် ရှိရင်လည်) တို့နှင့် လှီးထားသော ကြက်ဟင်းခါးသီးနှင့် နယ်ထားပါ ။
  2. ပြီးရင် ဆီအိုးတယ်ပြီး ကျွတ်ကျွတ်လေးဖြစ်အောင် မီးဖြေးဖြေးနဲ့ ကြော်ပါ ။ ဒီအတိုင်းကို စားကောင်းပါတယ် ။ ခါးလဲ မခါးပါဘူး။
  3. နောက်တခုကတော့ ကြက်သွန်ဖြူ  ၊ ကြက်သွန်နီတို့ကို စိတ်စိတ်လေးလှီးပါ ။ ပုဇွန်ခြောက်ထောင်းထားပါ ။ ပြီးရင် ကြက်သွန်ဖြူ နှင့် ကြက်သွန်နီကို နွမ်းအောင် ဆီသတ်ပါ ။ ငရုပ်သီးမှုန့် ထည့်ပါ ။ ပြီးရင် ပုဇွန်ခြောက်ထည့်ပါ ။ အနည်းငယ် ကြွတ်အောင် ထားပြီး  အစောက ကြက်ဟင်းခါးသီးကြော်ထားတာနဲ့ ရောလိုက်ပါ ။ ထမင်းမိန်စေတဲ့ အရံဟင်းလေး တခွက်ရပါပြီ။

Credit: မနီ (နော်ဝေး)

Review

User Rating

0 (0 Votes)