ပဲမလိုင်ချောင်း ခေါ် ပဲလိပ်ချောင်း သက်သက်လွတ်ကြော် ဖြစ်ပါတယ်။ ပဲလိပ်ဖတ်တွေက စားကောင်းလွန်းလို့ ကြက်သားနဲ့တောင် မလဲနိုင်ပါဘူးနော်။ Admin ကတော့ ထမင်းနဲ့ စားတာထက် အသားကင် (သို့) သီးသန့် စားတာ ပိုကြိုက်ပါတယ်။ ကြော်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ပဲလိပ် ၅ ချောင်း
  • ဂေါ်ဖီထုပ် – လေးထောင့်ပုံ ကြီးကြီးလှီးထားပါ။
  • ပဲပြား – ၁ တုံး (ကြော်ပြီး အံစာတုံးပုံ တုံးထားပါ)
  • ဆီ – ၄ ဇွန်း (ထမင်းစားဇွန်း)
  • ကြက်သွန်ဖြူ – ၃ တက် (တပြားရိုက်ထားပါ)
  • ရေနွေး – ၁ လုံး (ကော်ဖီပန်းကန်လုံး)
  • ဟင်းခတ်မှုန့်
  • ဆား
  • Kikomin ပဲငံပြာရည် အကျဲ – ၁ ဇွန်း (စားပွဲတင်ဇွန်း)

ပြုလုပ်နည်း

  1. ပဲလိပ် ၅ ချောင်းကို နှစ်ပိုင်း ချိုးပြီး ရေ ၁ နာရီ ခွဲလောက် စိမ်ထားပါ။ ရေကြာကြာ စိမ် ဖု့ိ လိုအပ်ပါတယ်။ ဂေါ်ဖီထုပ်ကို လေးထောင့် ပုံ ကြီးကြီး လှီးထားပါ။ ပဲပြား တစ်တုံးကို ကြော်ပြီး အံစာတုံး ပုံစံ တုံးထားပါ။
  2. ဒယ်အိုး ထဲမှာ ဆီ ၄ ဇွန်း (ထမင်းစားဇွန်) ထည့်ကာ ကြက်သွန်ဖြူ ၃ တက် တပြားရိုက် ဆီသတ်ပါ။ ဆီသတ် ထားတာ မွှေးလာရင် ပဲလိပ်ချောင်း နဲ့ ပဲပြား ထည့်ကြော်ပါ ။
  3. ပြီးလျှင် ရေနွေး ကော်ဖီ ပန်းကန် ၁ လုံး လောက်နဲ့ ဟင်းခတ်မှုန့်၊ ဆား ထည့်ပြီး အရသာ ဝင်အောင် ပြုလုပ်ပါ။
  4. ပဲလိပ် အထူအပါး ပေါ်မူတည်ပြီး ရေနွေး ထပ်ထည့် ကြော်ပါ။ နူးပြီ ဆိုမှ Kikomin ပဲငံပြာရည် အကျဲ ၁ ဇွန်း (စားပွဲတင်ဇွန်း) ထည့်၊ ဂေါ်ဖီထုပ် ထည့်ပြီး စိမ်းစိမ်း လန်းလန်းလေး စားလို့ ရပါပြီ။ ပုစွန်၊ ကြက်သား၊ ဝက်သား တို့နဲ့ ကြော်စားလည်း ရပါတယ်။

Credit: Grace’s Tiny Kitchen