သီတင်းကျွတ်ကာလဟာ အင်မတန်မှ ချစ်စရာကောင်းပြီး ယဉ်ကျေးတဲ့ ဓလေ့တွေ ဖုံးလွှမ်းနေတဲ့ အခါသမယပါ။ ဆွေမျိုးတွေ ချစ်ခင်ရသူတွေနဲ့ ပြန်လည် တွေ့ဆုံကြတဲ့ အချိန်လည်း ဖြစ်ပြီး ကိုယ်ရဲ့ ချစ်ခြင်းတွေ ရိုသေမှုတွေကို လက်ဆောင်လေးတွေနဲ့ ပြသတဲ့ အခါသမယလည်း ဖြစ်ပါတယ်။ ဒီလို အချိန်မှာ ကျန်းမာစေပြီး အာဟာရလည်း ဖြစ်စေမယ့် သစ်သီးခြင်းလေးတွေကို  ကိုယ်တိုင် ဖန်တီးပြီး ချစ်ခြင်းတွေကို ပြသရင် ဈေးသက်သာပြီး အရသာ ရှိစေမယ့် လက်ဆောင်ခြင်းလေး ဖြစ်လာပါလိမ့်မယ်။ ပထမဦးစွာ ထည့်မယ့် သစ်သီးတွေကို အရောင်စုံဖြစ်အောင် ၀ယ်ရပါမယ်။ ဒါမှ အရောင်စုံလေးနဲ့ လှပတဲ့ ခြင်းလေး ဖြစ်မှာပါ။ ကိုယ် နဂါးမောက်သီး၊ ပန်းသီး၊ စပျစ်သီး၊ ကီဝီသီး၊ ဂရိတ်ဖရုသီး၊ လိမ္မော်သီး၊ သလဲသီး၊ ငှက်ပျောသီးနဲ့ အခြား ကိုယ်နှစ်သက်ပြီး လှပတဲ့ အသီးတွေကို ရွေးချယ်ပါ။ ကိုယ်တိုင် လက်ဆောင်ခြင်းလေး လုပ်ခြင်းဟာ ဈေးသက်သာတဲ့အပြင် လတ်ဆတ်တဲ့ အသီးတွေကို ကိုယ်တိုင် စိတ်ကြိုက် ရွေးဝယ်နိုင်တဲ့ အားသာချက်ရှိပါတယ်။

basket

၁။ ကိုယ်ထည့်မယ့် ခြင်းအရွယ်အစားကို ရွေးချယ်ပါ။ ကိုယ်ထည့်ချင်တဲ့ အသီးပမာဏကို ကြည့်ပြီး ချိန်ဝယ်ပါ။ သေတ္တာပုံစံ ခြင်းလေးတွေလည်း ရှိသလို လက်ကိုင်ကိုင်းနဲ့ ခြင်းပုံစံလေးတွေလည်း ရှိပါတယ်။ ကြိုက်နှစ်သက်တဲ့ အရွယ်အစားကို ရွေးချယ်ပါ။ ၂။ ခြင်းရဲ့ အောက်ခြေမှာ စက္ကူခင်းပါ။ ပိုပြီး လှချင်တယ်ဆိုရင်တော့ ခြင်းတွေထဲမှာ ခင်းတဲ့ ပလပ်စတစ်နဲ့ လုပ်တဲ့ မြက်ခင်းပုံစံလေးတွေကို ခင်းပါ။ ခြင်းဟာ ဇောက်နက်တဲ့ ခြင်းဆို နည်းနည်း ထူထူ ခင်းပါ။ ၃။ ရွေးထားတဲ့ အသီးတွေကို တစ်နေရာထဲမှာ ခြင်းတစ်ခြင်းစီစာ ပုံထားပါ။ ပန်းသီး၊ လိမ္မော်သီး၊ နာနတ်သီး၊ စပျစ်သီး၊ ကီဝီသီး၊ ငှက်ပျောသီး၊ နဂါးမောက်သီးတွေကို အားလုံး ရေဆေးပြီး သုတ်ထားပါ။

avasflowers-bon-appetit-fruit-basket_max

၎။ အခြား ဖယောင်းတိုင်၊ ကော်ဖီမစ်နဲ့ ဖြည့်ချင်တဲ့ အရာတွေ ရှိရင်လည်း တခါတည်း ဘေးမှာ ချထားပါ။ ၅။ ခြင်းထဲကို အလေးဆုံးနဲ့ အကြီးဆုံးဖြစ်မယ့် အသီးတွေကို အရင်ဦးဆုံး ထည့်ပါ။ ကြီးတဲ့ သစ်သီးတွေကို ခြင်းရဲ့ အလည်မှာ နေရာချပါ။ အရွယ်သေးတဲ့ အသီးလေးတွေကိုတော့ အစွန်မှာ ထားပါ။ စပျစ်သီးလို အသီးတွေကိုတော့ အပေါ်ကနေ ထားပါ။

fruit-baskets

၆။ လွတ်နေတဲ့ နေရာတွေမှာ အသီးတွေကို ဖြည့်ပါ။ အခြား ထပ်ဖြည့်မယ့်အရာတွေကို အသစ်တွေ ကြားထဲမှာ ထည့်ပါ။ ၇။ နောက်ဆုံးအဆင့်ကတော့ ပိုပြီး လှပအောင် ဖဲကြိုးလေးများနဲ့ ကိုင်းလေးကို ရစ်ပြီး အလှဆင်ပါ။ ဖဲပြားလေးတွေကို ခြင်းရဲ့ အရှေ့ အလယ်ဖက်မှာ ကပ်ပါ။ ဒါဆိုရင် အာဟာရပြည့်ပြီး လှပတဲ့ လက်ဆောင်ခြင်းလေး ရပါပြီ။ သီတင်းကျွတ် အခါသမယမှာ ချစ်တဲ့ မိသားစုတွေနဲ့ အတူတူ ပျော်ရွှင်နိုင်ကြပါစေ။