ငါး - Fish | အပေါင်း - Steamed

ငါးသံပုရာပေါင်း

April 28, 2016

ငါးသံပုရာပေါင်း

Share this on:

ပါဝင်ပစ္စည်း

  • ငါး
  • မကျည်းသီး ဗီနီကာ
  •  ကြက်သွန်ဖြူ
  • ငါးငံပြာရည်
  • ငရုတ်သီးစိမ်း
  • နံနံပင်
  • အရသာမှုန့်
  • သကြား
  • ဆား
  • ငံပြာရည်
  • သံပုရာရည်

ပြုလုပ်နည်း

  1. အရင်ဆုံး ငါးကို မကျည်းသီး (သို့မဟုတ်) ဗီနီကာနဲ့ သေချာဆေးပါ ။
  2. ရေစစ်ထား ပီးရင် အရသာနယ်ပြီး ဗိုက်ထဲကို ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ နံနံပင် ထောင်းထည့် ပြီးရင် ငါးငံပြာရည်လေး နဲနဲဆမ်းပြီး ပန်းကန်ထဲထည့် ၊ ပေါင်းအိုးထဲ ထည့်ပေါင်းပါ ။
  3. ငါးပေါင်းနေတဲ့အချိန်မှာ ငရုတ်သီးစိမ်း ၊ နံနံပင် ၊ ကြက်သွန်ဖြူ ရောကြိတ်ပြီး ၊ အရသာမှုန့် ၊ သကြား ၊ ဆား ၊ ငံပြာရည် ၊သံပုရာရည် ရောဖျော်ထားပြီး ငါးပေါင်း ထားတာ ကျက်ပြီဆိုလျင် ခုနဖျော်ထားတဲ့ ဆော့စ်အရည်ကို ငါးပေါင်းပေါ် ဆမ်းလိုက်ရင် ရပါပြီ ။
Credit: Victoria Mie

Review

User Rating

4.3 (4 Votes)